2025-2026 Academic Year Application Form
Application Form (2025-2026) Download ရယူရန် >>>>> Form 2025-2026
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ အရာရှိလောင်း(ဒီပလိုမာ)သင်တန်းသို့ နယ်မှ လျှောက် ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ သင်တန်းဝင်ခွင့်ပုံစံ (Application Form)အား Print ထုတ်ယူပြီး လိုအပ်သည့်အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်း၍ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ (၃၀.၈.၂၀၂၄) ရက်နေ့ထက်နောက်မကျစေဘဲ စာတိုက်(သို့)အမြန်ချောဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်မြို့နယ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်းထံသို့လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။
၁။ လိုင်စင်ဓာတ်ပုံ (၂) ပုံ
၂။ အောင်လက်မှတ် မိတ္တူ
၃။ အမှတ်စာရင်း မူရင်း/မိတ္တူ
၄။ ရဲစခန်းထောက်ခံစာ
၅။ ကျောင်းသားနှင့် မိဘများ၏ မှတ်ပုံတင်မိတ္တူ
၆။ အိမ်ထောင်စုစာရင်းမိတ္တူ
မှတ်ချက်။ လျှောက်လွှာအချိန်မီ မရောက်ရှိပါက မိမိတို့၏ တာဝန်သာဖြစ်ပါသည်။ ရန်ကုန်မှ ကျောင်းသားများ ကောလိပ်တွင် လျှောက်လွှာလာရောက် ထုတ်ယူရမည်။ ဤလျှောက်လွှာဖြင့် လျှောက်ထားခြင်းမပြုရ။